၅ ရောင်အရစ်ပါ Resistor အရောင်ဖတ်နည်းကျတော့
အရောင်တရစ်ပိုပါလာတာလေးပါပဲ။ ၄ ရောင်ကိုဖတ်တတ်ရင် ၅ ရောင်ကမခက်ပါဘူး ပိုမိုတိကျတဲ့
Ohm တန်ဖိုးကို အလိုရှိတဲ့အခါ ၅ ရောင်ကိုအသုံးပြုကြပါသည်။ ပထမအရစ် ဒုတိယအရစ် တတိယအရစ်သည်၊
ယခင်တန်ဖိုးအတိုင်းမပြောင်းလဲချေ ၊ စတုတ္ထအရစ်မှ သာမြှောက်ဖော်ကိန်းဖြစ်လာပေသည်။ ယင်းမြှောက်
ဖော်ကိန်းတန်ဖိုးသည် ၊ ယခင်အရောင်များအတိုင်းမပြောင်းလဲပေ။ ပဉ္စမအရောင်၏ လွဲမှားမှု့
တန်ဖိုးသာပြောင်းလဲလာပါသည်။
![]() |
၅ ရောင်အရစ် Resistor များအား ပုံထဲတွင်
မြင်တွေ့ရစဉ်။ Tolerance လွဲမှားမှု့တန်ဖိုး အရောင်သည် အခြား Resistance တန်ဖိုးများ
နှင့် ပူးကပ်နေခြင်းမရှိပဲ ၊ နေရာ နည်းနည်းဝေးနေသည်ကို သတိထားမိနိုင်မှာပါ။ သီးခြားစီ
ဝေးကွာနေသော အရောင်သည် လွဲမှားမှု့ တန်ဖိုး အရောင် ဖြစ်သောကြောင့် ယင်းအရောင်းအရစ်အား
ညာဘက်တွင်ထားပြီး Resistor တန်ဖိုးအား ဘယ်ခြမ်းမှနေ၍ ညာခြမ်း သို့ တန်ဖိုးဖတ်ပေးရမှာဖြစ်ပါသည်။
ညို – 1%
နီ- 2 %
စိမ်း – 0.5 %
ပြာ – 0.25 %
ခရမ်း – 0.1 %
အထက်ပါ လွဲ့မှားမှု့တန်ဖိုးများ ကွာခြားမှု့အလွန်သေးငယ်သောကြောင့် အလွန်အရေးကြီးသော Electronic Device ပါတ်လမ်း များတွင် တပ်ဆင်အသုံးပြုကြပါသည်။ ၄ ရောင်အရစ် တန်ဖိုးကို ဖတ်တတ်ပြီးဖြစ်ပါက ။ ဖတ်နည်းမှာ များစွာမခက်ခဲတော့ပါ။
အရောင် ၄ ရစ်ပါ Resistor နှင့် အရောင်
၅ ရစ်ပါ တန်ဖိုးဖတ်ရန် ဇယားကွက် အားမြင်တွေ့ရစဉ်။


Leave a Reply