555 IC ( 1 ) 555 IC မိတ်ဆက်ခြင်း

            Electronic ခေတ်ရဲ့
အဆင့်ဆင့်တိုး တက်လာမှု သမိုင်းကို ပြန်ပြောကြမယ် ဆိုပါက
555 IC အကြောင်းကိုချန်
ခဲ့လို့ မရနိုင်ပါဘူး။
Analog
Electronic
ခေတ်ရဲ့ဇတ်လိုက်ကျော်ကြီးလို့ ကင်ပွန်းတပ်ရလောက်အောင်ကို 555 Timer IC လေး ကနေရာစုံ
အသုံးဝင်ခဲ့ပါတယ်။ ယခုအချိန် အထိလည်းဇတ်လိုက်ကျော် ဖြစ်နေဆဲပါပဲ ။ မြန်မာပြည်မှာ
အိမ်တိုင်းသုံးတဲ့
Safe
Guard
ကို 555
အိုင်စီ ၃ သုံးဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ယခုနောက်ပိုင်း ဈေးကွက်အတွင်းတွင်
Marketing အရ Microcontroller IC ကိုအသုံးပြုပြီး
ဆက်လက်ထုတ်လုပ် လာပြီဖြစ်ပေမည့်
Function
တွေကအတူတူပင် ဖြစ်ပါတယ်။ မတူညီခြင်း ကတော့ ဈေးနှုန်းအားဖြင့် သက်သာခြင်း
အကြမ်းခံခြင်းတို့ကတော့
555
အိုင်စီရဲ့ အားသာချက်ပင်ဖြစ်ပါတယ် ။


Hans R. Camenzind

နောက်ခံသမိုင်းကြောင်း

            နာမည်ကျော် 555 Timer IC လေးကို ၁၉၇၁
ခုနှစ်မှာ
Hans R.
Camenzind
ဟန်စကင်းဇင် ( 1931
– 2012 )
က InterDesign
ကုမ္ပဏီအနေဖြင့် Signetics
ကုမ္ပဏီ ၊ Phillips
Semiconductors (
ယခု NXP
)
နဲ့လက်တွဲပြီး အိုင်စီလေးကို တည်ထွင်ခဲ့ပါသည် ။ ၁၉၇၂ ခုနှစ်တွင် Signets ဈေးကွက်မှာ
ဖြန့်ချီခဲ့ပါသည် ။ နောက်ပိုင်းမှာတော့
Texas
Instruments, Intersil, Maxim, Avago, Exar, Fairchild, NXP and
STMicroelectronics
ကုမ္ပဏီတွေက ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းများနဲ့
ဈေးကွက်အတွင်း အများအပြား ထုတ်လုပ်ရောင်းချ ခဲ့ရာယနေ့ အထိတိုင်အောင်ဖြစ်ပါသည် ။
၂၀၀၃ ခုနှစ်သို့ ရောက်လာခဲ့သည့် အခါ နှစ်စဉ် အလုံးရေ သန်း ၁၀၀၀
ကျော်ရောင်းချရသည်အထိ အောင်မြင်ခဲ့ပါသည် ။

မျိုးပုံစံမတူသော 555 IC များအားတွေ့မြင့်ရစဉ်

“— English Version —“

The Enduring Legacy of the 555 Timer IC

When discussing the historical progression and development of the Electronic Age, the 555 IC holds an indispensable place. The 555 Timer IC has been so versatile and widely used across various applications that it could be aptly nicknamed the “Superstar of the Analog Electronics Era.” It continues to maintain this role even today.

For instance, the common Safe Guard used in many Burmese households is often built using just three 555 ICs. While modern market trends now favor the use of Microcontroller ICs for marketing purposes in similar applications, the core functions remain identical. The key advantages of the 555 IC, however, are its lower cost and superior robustness and durability.

Historical Background

The renowned 555 Timer IC was invented in 1971 by Hans R. Camenzind (1931–2012) while he was working at InterDesign. He developed the IC in collaboration with Signetics Corporation and Philips Semiconductors (now NXP).

Signetics officially released the IC to the market in 1972. Following its success, many companies, including Texas Instruments, Intersil, Maxim, Avago, Exar, Fairchild, NXP, and STMicroelectronics, began manufacturing and selling improved designs, a practice that continues to this day. By 2003, the IC had achieved immense success, with annual sales exceeding 1 billion units.



Comments

Leave a Reply

Your email address will not be published. Required fields are marked *