Electronic Basic ( 2 – 5 ) Capacitor Code တန်ဖိုးဖတ်ခြင်း

ကပယ်စီတာများတွင် AC capacitor နှင့်
DC capacitor ဟူ၍အခြေခံအားဖြင့် နှစ်မျိုးသာရှိပေသည်။ ယင်းတို့တွင် Electrolytic
Capacitor တမျိုးသာ အဖိုအမ သတ်မှတ်ချက်ရှိပြီး၊ ကျန် အမျိုးအစား အဖိုအမ သတ်မှတ်ချက်မရှိကြပေ။
အီလက်ထရိုလိုက် (Electrolytic) အမျိုးအစား ကပယ်စီတာများကို ဆားကစ်ပါတ်လမ်း ပေါ်တွင်
အဖိုအမ မှန်ကန်အောင်တပ်ရန် အထူး ဂုရုပြုရမည် ဖြစ်ပေသည်။ ထို့ပြင် အီလက်ထရိုလစ်စတစ်
ကပယ်စီတာ တမျိုးသာ တန်ဖိုးအတိုင်း ကိုယ်ထည်ပေါ်တွင် Capacitance တန်ဖိုးကို ရေးသားထားပြီး
အခြား အမျိုးအစား ကပယ်စီတာ များကိုတန်ဖိုး ဖတ်ရန်အတွတ် ကိုယ်ထည်ပေါ်တွင် Code  နံပါတ် များဖြင့် ရေးသားထားပေသည်။

ယင်းတို့ကို ဖတ်ရန်မှာ နံပါတ် ၃ လုံးနှင့်
နောက်ဆုံး အက္ခရာတလုံးသာပါဝင်ပေသည်။ ပထမဆုံးနံပါတ် နှင့် ဒုတိယနံပါတ် တို့မှာ
Resistor ကဲ့ သို့ပင် တန်ဖိုးပင်ဖြစ်ပေ၍ တတိယ နံပါတ်သည်လည်း Resistor လိုပဲ မြှောက်ဖော်ကိန်းဖြစ်ပေသည်။
ကွာခြားသည်မှာ အရောင် နှင့် နံပါတ်ဖြစ်ပြီး SMD Resistor များနှင်ဆင်တူပြန်သော်လည်း
နောက်ဆုံး Tolerance ခြားနားမှု့တန်ဖိုးမှာ အက္ခရာဖြင့်ဖြစ်နေပေသည်။ ထို့ကြောင့် ဖတ်မှတ်ခဲ့ဘူးပြီးဖြစ်သော
BS 1852 စနစ်မှ Resistor တန်ဖိုး သတ်မှတ်ပုံနှင့်ဆင်တူပေသည်။

ပထမစာလုံး
နှင် ဒုတိယစာလုံးသည် 6 နှင့် 7 မပါဝင်ပေ။

0

1

2

3

4

5

8

9

တတိယစာလုံး မြှောက်ဖော်ကိန်းမှာ BS 1852
စနစ်ကဲ့ သို့ပင်ဖြစ်သော်လည်း 6 နှင့် 7 မပါဝင်ပေ။ ယခင် အတိုင်းပင် မြှောက်ဖော်ကိန်းကို
၂ မြင်လျှင် သုည ၂ လုံးဖြည့်ပေးလိုက်ရုံသာဖြစ်ပါသည်။ သို့သော် မြှောက်ဖော်ကိန်းသည်
၉ ဖြစ်ပါက ၁၀၀၀၀ ( ၁ သောင်း ) နှင့် စားပေးရမှာဖြစ်ပါသည်။ ထူးခြားမှု့လေး တခုဖြစ်ပါသည်။

109 =  10 / 10000 = 0.001 pF

109 သည် ကပယ်စီတာ ကိုယ်ထည်ပေါ်တွင် ရေးသားထားသော နံပါတ်ဖြစ်ပြီး
မြှောက်ဖော်ကိန်းမှာ ၉ ဖြစ်သောကြောင့် ၁ သောင်း တန်ဖိုးဖြင့် စားပေးရမှာ ဖြစ်ပါသည်။
လွဲမှားမှု့ တန်ဖိုးများကို အမှန်ဆို ထည့်စဉ်းစားရန်မလိုပေ။ မိမိတို့နိုင်ငံတွင် အလိုရှိသည့်
လွဲမှားမှု့တန်ဖိုးအား ရွေးချယ်နိုင်ခြင်း မရှိပဲ ဈေးကွက်အတွင်း ရရှိနိုင်သည့် တန်ဖိုးအတိုင်းသာ
တွက်ချက်ရမှာ ဖြစ်ပါသည်။

ဥပမာအားဖြင့်

152J
တန်ဖိုးဖတ်ရပါက

152J
= 15 00 = 1500 pF ± 5%

152J
= 15
×102 = 1500 pF ± 5%

759J
တန်ဖိုးဖတ်ရပါက

759J
= 75 / 10000 
=
0.0075 pF ± 5% ဖြစ်လာပေမည်။

Capacitor Code ဖတ်ခြင်း ဗီဒီယို


Comments

Leave a Reply

Your email address will not be published. Required fields are marked *