Power ( 4 ) Ampere သို့မဟုတ် လျှပ်စစ်ကြောင်း

ဆားကစ်တခုတွင်
အုမ်းတန်ဖိုးကို မပြောင်းလဲပဲ ဗို့အားကိုပြောင်းပေးသော် Ampere ပြောင်းလာပေလိမ့်မည်။
ဥပမာ ဆို ကြပါစို့ ဗို့အားကို 0 V မှာ 12 V အထိ လှည့်ပေးနိုင်သည်ဆိုပါစို့ မီးလုံးသည်
12 V ခံနိုင်သောမီးလုံးဖြစ်မည်ဆိုပါစို့ ၊ ထို့မှသာ အားအပြည့်ဖြင့် လင်းနိုင်ပေမည်
မီးလုံးကိုပေးထားသော ဗို့အားကို 12 V မှ 10 V သို့လျော့ချလိုက်သောအခါ ဆားကစ် ပါတ်လမ်းတွင်ဖြတ်စီးနေသော
Ampere သည် အနည်းငယ် လျော့သွားသဖြင့် မီးသည် အတန်ငယ်မှိန်သွားပေမည်။ နောက်ဆုံး 0 V
အထိလျော့ လိုက် လျှင် မီးလုံးသည် လုံးဝ ပိတ်သွားမည်ဖြစ်ပြီး Ampere လည်းမစီးတော့ချေ။
ထို့ကြောင့် Voltage နှင့် Resistance တို့အတွတ် ယေဘုယျ အားဖြင့် Ohm’s Law ကို သိရှိနိုင်သည်။

Ohm’s Law Wheel

I = V / R            Ampere
= Voltage / Resistance

 

ထို့ကြောင့်
3
တန်ဖိုးရှိ Resistor တခု၏ အစွန်းနှစ်ဘက်တွင်
6 V ပေးထားပါက Ohm’s Law အရ ယင်း Resistor ကိုဖြတ်စီးနေသော Ampere သည် 2 A ဖြစ်ကြောင်းသိရှိနိုင်ပေသည်။
လျှပ်စစ်ပါတ်လမ်းတခုတွင် ခုခံမှု့ကြီးကြီးပေးလိုက်သောအခါ ဗို့အားမြှင့်ပေးသော်လည်း
Ampere နည်းနေပေလိမ့်မည် ၊ ဗို့အားနည်းသော်လည်း ခုခံမှု့လည်းနည်းပါက Ampere များနေမှာဖြစ်ပါသည်။
ထို့ကြောင့် ပုံသေနည်းအရ ခုခံမှု့နည်းလျှင် Ampere ကြီးမားလာပြီး ခုခံမှု့များလျှင်
Ampere နည်းလာပေမည်။ ဥပမာ 30
ရှိသော ရေနွေးအိုးတခုကို 220 V ပေးလိုက်သောအခါတွင်

Ohm’s Law အရ
အောက်ပါအတိုင်းတွက်ချက်နိုင်ပါသည်။

            I
=




















 V / I

I = 220V / 30 R

I = 7.3 A တန်ဖိုးရှိနေသော်လည်း Voltage တန်ဖိုးမပြောင်းပဲ
150
ခန့်ရှိသော ၄ လုံးချက်ထမင်းအိုး တလုံးအား
220V အားပေးသွင်းလိုက်သောအခါ။

            Ohm’s Law အရ

                        I =

 V / R

                        I =

 220V / 150R

                        I = 1.46 A သာရှိကြောင်းတွေ့ရမျာဖြစ်ပါသည်။

            ထို့ကြောင့်
Ohm နှင့် Ampere သည် အပြန်အလှန်အကျိုးသက်ရောက်မှု့ရှိကြောင်းတွေ့ရမှာဖြစ်ပါသည်။

Ohm’s Law ကိုအသုံးပြု၍
မိမိ အလိုရှိရာ တန်ဖိုးကို လက်ညှိုးဖိ၍ အုပ်ရှာခြင်းဖြင့် အလိုရှိရာ တန်ဖိုးကိုတွက်ချက်
ရှာဖွေနိုင်ကြောင်းပြ ဇယားကွက်ကို ဘေးပုံတွင်တွေ့မြင်ရမှာဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ
အတော်များများသည် Voltage ကို V သင်္ကတဖြင့်သာ ဖော်ပြကြသော်လည်း အချို့ဉရောပ နိုင်ငံများသည်
E ဖြင့်ပြတတ်ပြီး United State သည် U ဖြင့်ဖော်ပြပါသည်။ 






















Voltage မြင့်တက်လာပါက
Ampere ပါ မြင့်တက်လာတတ်ကြောင်း သဘောတရား ပြဆိုသော Graph မျဉ်းကို ဘေးပုံတွင်မြင်တွေ့ရမှာဖြစ်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *