Electronic Basic ( 2 – 3 ) Capacitor တိုင်းတာစစ်ဆေးခြင်း

            Analog Meter ဖြင့်တိုင်းတာစစ်ဆေးသည့်အခါ Ohm Scale ဖြင့်တိုင်းတာနိုင်ပါသည်။
တိုင်းတာစစ်ဆေးမည့် ကပယ်စီတာသည် ဗို့အားမရှိကြောင်းသေချာစေရန် ဦးစွာ ခြေထောက်နှစ်ချောင်းအား
ပူးလိုက်ခြင်းဖြင့် ဗို့ထုတ်လိုက်ပါသည်။ ယင်းကို Short ချခြင်းဟုခေါ်ပြီး၊
Discharging လုပ်ပစ်ခြင်းသာဖြစ်ပါသည်။ ဗို့အားရှိနေပါက မီတာဖြင့် တိုင်းမရခြင်း ကြောင့်ဖြစ်ပါသည်။
Ohm Scale တွင်ထားပြီး ကပယ်စီတာ ခြေထောက်နှစ်ချောင်းအား မီတာတံ နှစ်ချောင်းဖြင့် တချောင်းစီကို
တို့လိုက်ပါ။ မီတာ Pointer တံသည် ဖျက်ခနဲ တချက်တက်သွားပြီး ချက်ခြင်းပြန်ဆင်းသွားပါက
ကပယ်စီတာ၏ Charging / Discharging လုပ်ငန်းစဉ် ကောင်းမွန်နေကြောင်း သိနိုင်မှာဖြစ်ပြီး
၊ ကောင်းမွန်သည်ဟု အကြမ်းဆုံးဖြတ်နိုင်ပါသည်။ အကြမ်းဆုံးဖြတ်နိုင်သည်ဟုဆိုခြင်းမှာ
Capacitance တိုင်းတာရန် Analog Meter ဖြင့်တိုင်းမရသောကြောင့် Capacitance တိုင်းတာနိုင်သည့်
Digital Meter ကောင်းကောင်း တလုံးဆောင်ထားရန် လိုအပ်လာပြန်ပါသည်။

            Kaisi K-9033 အမျိုးအစား ဂျပန်မီတာတလုံးအား တွေ့မြင်ရစဉ်။
အမျိုးအစားအလွန်ကောင်းပြီး အကြမ်းခံသော ကြောင့် မိမိတို့ အသုံးပြုရသည်မှာ လွန်စွာနှစ်သက်သော
မီတာအမျိုးအစားဖြစ်ပါသည်။ တန်ဖိုးကြီး မြင့်သော်လည်း နှစ်များစွာ ကြာသည့်တိုင်အောင်
စိတ်ချမ်းချမ်း သာသာ အသုံးပြုနိုင်သဖြင့် အလွန်တန်သည်ဟုဆို နိုင်ပါသော်လည်း အားနည်းချက်မှာ
တန်ဖိုးကြီးခြင်းဖြစ်ပါသည်။ 

            ကပယ်စီတာများအား Analog Meter Ohm Scale ဖြင့်တိုင်းတာ စစ်ဆေးသောအခါ
ကောင်းမွန်နေသည်ဟု ဆိုနိုင်သော်လည်း Capacitance တန်ဖိုးဖြစ်သည့် လျှပ်သိုတန်ဖိုးပြောင်းလဲနေပါကလည်း
ဆားကစ်ပါတ်လမ်းအတွင်း ပြဿနာများ ဖြစ်လာ နိုင်ပါသေးသည်။ ထိုအခါတွင် Capacitance တန်ဖိုးတိုင်းတာနိုင်သည့်
Digital Meter ဖြင့်ဆက်လက် တိုင်းတာရမှာဖြစ်ပါသည်။ အကယ်၍များ Digital Meter ဖြင့်
Capacitance တိုင်းတာခြင်းဖြင့် Analog Meter တိုင်းရန် မလိုတော့ပဲ ကောင်းမကောင်း အဖြေတန်းထွက်နိုင်ပါသည်။

            တိုင်းတာစစ်ဆေးခြင်းမှာ
ကပယ်စီတာ ကိုယ်ထည်ပေါ်မှ
µF တန်ဖိုးကိုဦးစွာဖတ်ပြီး µF တန်ဖိုးကို
မီတာဖြင့် တိုင်းတာရပါမည်။ တိုင်းတာရရှိသည့် အဖြေသည် ကပယ်စီတာ ကိုယ်ထည်ပေါ်မှ ရေးသားထားသော
တန်ဖိုးနှင့် များစွာ မကွာပါက ကပယ်စီတာ ကောင်းပါသည်။ ထိုသို့ မဟုတ်ပဲ ကိုယ်ထည်ပေါ်မှ
ရေးသားထားသော
µF
တန်ဖိုးနှင့် များစွာကွာခြားနေပါက ပျက်စီးနေပြီဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။ 


Comments

Leave a Reply

Your email address will not be published. Required fields are marked *