AC
(Alternating Current)
နေအိမ်များမှာသုံးနေတဲ့လျှပ်စစ်က
AC လျှပ်စစ်ဖြစ်ပါသည်။ ( Alternating Current
= အော်တာနေတင်း ကားရန့် ) ဟုခေါ်ဆိုပါသည်။ ဝါယာကြိုးတစ်ဖက်မှာ လျှပ်စစ် အဖို
နဲ့ အမ သီးခြားမရှိပါဘူး။ ဝါယာကြိုးတစ်ဖက်မှာ လျှပ်စစ် အဖိုနဲ့ အမ တစ်စက္ကန့်အတွင်း
အကြိမ် ၅၀ သို့မဟုတ် ၆၀ နှုန်းဖြင့်ပြောင်းလဲနေခြင်းကို (Frequency = ဖရီကွန်စီ ) ဟုခေါ်ဆို၍
ယူနစ် (Hz)Hertz ဟတ်ချ် ) ဖြင့်ဖေါ်ပြပါတယ်။
လှိုင်းတွန့် ပုံသင်္ကေတ ဖြင့်ဖေါ်ပြပါတယ် AC လျှပ်စစ်ကို ပျန်းမျှအားဖြင့် Volt
230 နှင့် 50/60 Hz သက်မှတ်ထားပါသည်။ ကျွန်တော်တို့ အိမ်သုံး လျှပ်စစ်ပစ္စည်းများမှာ
230v 50/60 Hz ဟုပါရှိတာကိုတွေ့ကြရမှာပါ။
မိမိတို့ နေအိမ်သုံးလျှပ်စစ်ဖြစ်သော
AC လျှပ်စစ်ကို Oscilloscope ခေါ် လှိုင်းကြည့်စက်ဖြင့်ကြည့်လျှင် ဘေးပုံအတိုင်း မြန်မာအက္ခရာ
(လ) ပုံစံဖြင့် မြင်တွေ့ရမှာဖြစ်ပါသည်။
DC
(Direct Current)
ဓာတ်ခဲ ဘထ္တရီ
တို့မှာတွေ့ရှိရတဲ့ လျှပ်စစ် (Direct Current = ဒါရိုတ် ကားရန်) ဟုခေါ်ပါသည်။ တိုက်ရိုက်
လျှပ်စီးကြောင်းဖြစ်၍ လျှပ်စစ် အဖို အမ သီးခြားစီ ရှိပါသည်။ မျဉ်းဖြောင့် ပုံသဏ္ဍန်ဖြင့်ဖေါ်ပြပါသည်။
DC Current ၏
ပုံသဏ္ဉန်ကို ဘေးပုံတွင်မြင်ရမှာဖြစ်ပြီး လှိုင်းမရှိပဲ တည်ညိမ်နေသောကြောင့်
Direct Current ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။


Leave a Reply