Resistor
သည် အီလက်ထရွန်းနစ် ပါတ်လမ်းများတွင် အသုံးအများဆုံးသော အခြေခံအီလက်ထရွန်းနစ် အစိတ်အပိုင်းတခုဖြစ်ပါသည်။
ယင်း၏အဓိလုပ်ငန်းစဉ်မှာ Ampere ကိုအလိုရှိသလို လျော့ချရန် မိမိအလိုရှိရာ ဗို့အားကို
ရရှိလာစေရန်ဖြစ်ကြောင်း ရှေ့ပိုင်းတွေ လေ့လာသိရှိခဲ့ကြပြီး ဖြစ်ပါသည်။
ယင်းကိုထုတ်လုပ်သည့် အခါ Resistance ( R ) ကိုရရှိအောင် ထုတ်လုပ်ထားပါသည်။ Resistor များ၏ မျက်မြင် အရွယ်အစားသည် ပါဝါခံနိုင်မူပေါ်မူတည်နေပါသည်။ ဆိုလိုသည်မှာ ကိုယ်ထည် ပိုကြီးလျှင် Watt များများခံနိုင်သည် ။ သို့သော် အရွယ်အစားနှင့် Resistance မှာဆက်စပ်မှု့မရှိပေ။
Resistor ကို Ohm ယူနစ်ဖြင့် တိုင်းတာသည်
Resistor တွင် Fix တန်ဖိုး မပြောင်းလဲနိုင်သော Resistor နှင့် Variable Resistor တန်ဖိုးပြောင်းလဲနိုင်သော
Resistor ဟူ၍ နှစ်မျိုးသာရှိပေသည် ။ ၎င်းတို့သည် အရွယ်အစား သေးငယ်ကြသဖြင့် တန်ဖိုးကို
အရောင်များဖြင့် ကိုယ်ထည်ပေါ်တွင်ဖော်ပြထားပြီး အရောင်ကိုဖတ်၍ တန်ဖိုးကို ပြန်တွက်ယူရပေသည်
။
တန်ဖိုးဖတ်နည်းမှာ ရွှေရောင်အား ဘယ်ခြမ်းတွင်ထား၍
စာဖတ်သကဲ့သို့ ညာမှ ဘက်သို့ ဖတ်ပေးရမှာဖြစ်ပါသည်။
(နက်
ညို နီ မော် ဝါ စိမ်း ပြာ ရမ်း ခိုး ဖြူ) စသည့်ယင်းလင်္ကာလေးကိုကျက်ထားပေးပါ။
နက်
– 0
ညို
– 1
နီ
– 2
မော်
– 3
ဝါ
– 4
စိမ်း
– 5
ပြာ
– 6
ရမ်း
– 7
ခိုး
– 8
ဖြူ
– 9
ယင်းအရောင်
နံပါတ်များလေးကို အလွတ်မှတ်ထားပေးပါ။
အပြောင်းအလဲတန်ဖိုး (Tolerance)
ရွှေရောင် +/- 5% ၊ ငွေရောင် +/- 10% ဟူ၍ မှတ်သားထားကြပါသည် ။ ရွှေငါးတကောင် ၊ ငွေတဆယ်ဟုလည်းမှတ်ကြသည်။Resistor အရောင်ဖတ်နည်းမှာ ရွှေရောင်ကို ညာဘက်တွင်ထား၍ ဘယ်မှညာသို့ဖတ်ရမည်။ အရောင် ၄ ရစ်ပါ Resistor ကို တန်ဖိုးဖတ်မည်ဆိုပါက ဦးစွာ ပထမအရောင် သည် အုမ်းတန်ဖိုး ဒုတိယအရစ် သည် လည်း အုန်း တန်ဖိုး တတိယအရစ်သည် မြှောက်ဖော်ကိန်းဖြစ်၍ နောက်ဆုံး ရွှေရောင်သည် တန်ဖိုးပြောင်းလဲနိုင်ခြင်းဖြစ်ပါသည် ။ ရွှေရောင်သည် 5% ဖြစ်သောကြောင့် 100 Ω ရှိသော Resistor ဖြစ်ပါက အမှန်တကယ် အုန်း တန်ဖိုးသည် 95 Ohm မှာ 105 Ohm အတွင်းရှိနေပါသည်ဟုဆိုလိုခြင်းဖြစ်ပါသည်။
Resistor များ၏ Resistance အုန်း တန်ဖိုးများကို
တလုံးနှင့်တလုံး တိတိကျကျ ရရှိဖို့ မည်သို့မျှ
မဖြစ်နိုင်ပေ ။ ဖြစ်နိုင်ပါကလည်း တန်ဖိုး အလွန်ကြီးမြင့်သွားမှာ ဖြစ်ပါသည်။ ချွင်းချက်အနေဖြင့်
Military Grade ( စစ်တပ်သုံး ) ပစ္စည်းများမှာတော့ Resistance တန်ဖိုး တိတိကျကျ ရနိုင်သော
Resistor များကို ထုတ်လုပ်ရေး အရာရှိများကိုယ်တိုင် တိတိကျကျ ထုတ်လုပ်ခြင်းဖြင့် တန်ဖိုး
တိကျသော Resistor များကို ရရှိနိုင်ပါသည် ။ အရပ်ဘက်မှာတော့ အပြောင်းအလဲတန်ဖိုးများဖြင့်
Resistor များသာ ရရှိနိုင်မှာဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းများကို ကိုယ်ပိုင်ထုတ်လုပ်ခြင်း
သို့မဟုတ် ပြုပြင်ခြင်းလုပ်ငန်းများ လုပ်ကိုင်လိုပါက အခြေခံ ပညာရပ်များကို ပိုင်ပိုင်နိုင်နိုင်
ကျွမ်းကျင်အောင် စနစ်တကျ သင်ယူလေ့ကျင့်ထားသင့်ပါသည် ။
ပထမအရစ် နီသည် ၂ ၊ ဒုတိယအရစ် နီ သည် ၂ ပါပဲ ၊ တတိယအရစ်ကျတော့ မြှောက်ဖော်ကိန်းပါ ခက်ခက်ခဲခဲမစဉ်းစားပါနဲ့ မော် ဖြစ်၍ မော်သည် ၃ ဖြစ်ပါသည် ။ ထို့ကြောင့် ပထမအရစ်နှင် ဒုတိယအရစ် အရောင်ဖတ်၍ရသော တန်ဖိုး ၂ ၂ နောက်တွင် သုည ၃ လုံးဖြည့်ပေးလိုက်ရုံသာဖြစ်ပါတယ် ။ ဒါကြောင့် ၂၂ ၀၀၀ ဖြစ်လာမှာပါ ၁၀၀၀ သည် kilo ကိုကိုယ်စားပြု၍ ၁သန်းသည် Mega ဖြစ်ပါတယ် ။ သို့ကြောင့် ၂၂ ၀၀၀ အုမ်းကို ၁၀၀၀ ဖြင့်စား၍ k ဖြစ်အောင် ပြောင်းပစ်ပါတယ်။ ဒါကြောင့် 22 000 / 1000 = 22 k ဖြစ်လာပါပြီ ပုံထဲတွင် နမူနာ Resistor ၆ လုံးကိုပြထားပါတယ် လေ့လာနိုင်မှာပါ ။
1000
= 1 k = kilo (k စာလုံးကို အသေးဖြင့်ရေးရမှာဖြစ်ပါသည်)
1
000 0000 = 1M = Mega (M စာလုံးကို အကြီးဖြင့်ရေးရပါမည်)
![]() |
မော် မော် နက် ရွှေ
|
3 3 + မြှောက်ဖော်ကိန်းသည် 0 ဖြစ်၍ဘာမှမြှောက်ရန် 3 3 x
ညို နက် နက် ရွှေ 1 0 + 0 = 10 Ω ± 5% မြှောက်ဖော်ကိန်းသည် 0 ဖြစ်၍ဘာမှမြှောက်ရန် မလိုပါ ။ 1 0 x ညို နက် နီ ရွှေ 1 0 + မြှောက်ဖော်ကိန်းသည် 2 ဖြစ်၍ သုည နှစ်လုံးတိုးပေးလိုက်ရုံသာဖြစ်ပါသည်။ 1 0 x |
နီ နက် ဝါ ရွှေ
2 0 +
00 00 = 1000 Ω
± 5%
မြှောက်ဖော်ကိန်းသည် 4 ဖြစ်၍ သုည လေးလုံးတိုးပေးလိုက်ရုံသာဖြစ်ပါသည်။
2
0 x 104 = 20 0000 Ω
= 200k Ω ± 5%
![]() |
ညို နက် စိမ်း ရွှေ
|
1 0 + မြှောက်ဖော်ကိန်းသည် 5 ဖြစ်၍ သုည ငါးလုံးတိုးပေးလိုက်ရုံသာဖြစ်ပါသည်။ 1 Resistor တန်ဖိုးဖတ်ခြင်း ဗီဒိယို |







Leave a Reply