တခါတရံ အုမ်း တန်ဖိုးကို အသေမဟုတ်ပဲ ပြောင်းလဲလိုသောအခါ
Variable Resistor ကိုအသုံးပြုကြပါသည်။ Variable Resistor သည် လှည့်နိုင်သော လက်ကိုင်ဖု
ပါဝင်၍ ဘယ်ဘက်အဆုံးထိ ချထားလျှင် 0 Ω ဖြစ်ပြီး ၊ ညာဘက်သို့ အပြည့်လှည့် ထားလျှင်
Variable Resistor ပစ္စည်း၏ သတ်မှတ်တန်ဖိုး အတိုင်း ရှိပါမည်။ Variable Resistor များတွင် A B C ဟူ၍ အမျိုးအစား
သုံးမျိုးရှိပေသည်။ A Type သည် အသံချဲ့စက် Master Volume ကဲ့သို့ နေရာတွင် Master
Volume Control သဘောမျိုး တပ်ဆင်အသုံးချသည်။ B Type သည် ဈေးကွက်ထဲတွင် အပေါများဆုံး တွေ့ရသောပစ္စည်းဖြစ်ပြီး
နေရာတကာတွင် အလွယ်တကူ တပ်ဆင်နိုင်ကြပါသည်။ C Type သည် Power Supply Voltage Adjustable
အဖြစ်သုံးကြသည်။ C အမျိုးအစားကို ဈေးကွက်ထဲတွင် ရှားပါးပြီး သိပ်တွေ့ရခြင်း မရှိပဲ
A Type နှင့် B Type အမျိုးအစားသာ ရှိပေသည်။ ခြေထောက် ၃ ချောင်းပါဝင်ပြီး အလည်ခြေထောက်နှင့်
ဘေးနှစ်ဘက် ၂ ချောင်းအနက် သင့်တော်ရာ ခြေထောက် တချောင်းကို ဆက်သွယ်ပြီး အသုံးပြုရမှာဖြစ်ပါသည်။
Variable Resistor များအား အခြေအနေ ပေါ်မူတည်ပြီး
ခြေထောက် ၃ ချောင်းလုံး အသုံးပြုနိုင်သည့် အခြေအနေရှိနိုင်သလို၊ ခြေထောက် ၂ ချောင်းတည်း
အသုံးပြုသည့် အခြေအနေလည်း ရှိနိုင်ပါသေးသည်။ ထိုအကြောင်းအရာများကို Circuit
Applications အခန်းများတွင် အပြည့်အစုံ ပြန်လည်ရှင်းပြထားမှာ ဖြစ်ပါသည်။
A Type Variable
Resistor
A Type Variable Resistor သည် အခြား ၂
မျိုး နှင့် လုပ်ဆောင်ချက် ကွာခြားပေသည်။ ထူးခြားချက်မှာ ဘယ်ဆုံးမှနေ၍ တဖြည်းဖြည်းချင်း
လှည့်ပေးလာပါက အုမ်း တန်ဖိုးသည် လွန်စွာ စိတ်စိတ်လေး ပြောင်းလဲလာခြင်းကို မြင်တွေ့ရမှာပါ။
လှည့်ရန် နေရာ ၇၅% ရောက်သည့် တိုင်အောင် တန်ဖိုး သိပ်မတက်သေးကြောင်း တွေ့ရမှာပါ။ ၇၅%
ကျော်သောအခါမှ မူရင်းသတ်မှတ် အုမ်းတန်ဖိုးကို ချက်ခြင်း ပြောင်းလဲ သွားစေခြင်း ဖြစ်ပါသည်။
ထို့ကြောင့် အသံချဲ့စက် များ၏ Master Volume Control များတွင် အများဆုံး အသုံးပြုကြပါသည်။
A100k ဆိုသည့် အဓိပ္ပါယ်မှာ A Type 100k Ohm တန်ဖိုးဟု ဆိုလိုပါသည်။
|
Variable Resistor ၏ ပြင်ပ ပုံစံနှင့် အတွင်းပိုင်း ဖွဲ့စည်းပုံ |
B Type Variable
Resistor
B Type Variable Resistor သည် A Type
နှင့် ကွာခြားမှု့မှာ လက်ကိုင်ဖု ကို လှည့်လာပေးသောအခါ မူရင်း သတ်မှတ် အုမ်း တန်ဖိုးကို
ညီညီမျှမျှ တက်လာစေရန် စီစဉ်ထားခြင်းဖြစ်ပါသည်။ Variable Resistor ၏ လှည့်ရန်တန်ဖိုး
၅၀% နှုန်းလှည့်ပြီးချိန် တွင်သတ်မှတ်အုမ်း တန်ဖိုး၏ တဝက်တက်လာမှာဖြစ်ပါသည်။ ၎င်း ကိုဈေးကွက်ထဲမှာ
ပေါပေါ များများ တွေ့ရမှာဖြစ်ပြီး အလွယ်တကူ ပင်တပ်ဆင်အသုံးပြုကြပါသည်။
B500k ဆိုသည့် အဓိပ္ပါယ်မှာ A Type 500k Ohm တန်ဖိုးဟု ဆိုလိုပါသည်။
ပုံထဲတွင် လက်ကိုင်ဖု တပ်ဆင်ထားသော
Variable Resistor နှစ်လုံး ကို မြင်တွေ့ရမှာဖြစ်ပါသည်။ ဘယ်ခြမ်းမှ Variable
Resistor သည် ဘယ်အဆုံးအထိ လှည့်ချထားသောကြောင့် 0 Ω
ဖြစ်နေပါသည်။ ညာခြမ်းမှ Variable Resistor သည် ညာအဆုံးထိ လှည့်ထားသောကြောင့် သတ်မှတ်
အုမ်းတန်ဖိုး၏ အမြင့်ဆုံးအနေအထားတွင် ရောက်နေမှာဖြစ်ပါသည် ။
Preset
(Variable Resistor) ဟုခေါ်ဆိုနိုင်သော မျိုးပုံစံမတူသော Variable Resistor များကိုလည်းလေ့လာနိုင်မှာဖြစ်ပါသည်။
Preset
(Variable Resistor) ဟုခေါ်ဆိုနိုင်သော မျိုးပုံစံမတူသော Variable Resistor များကိုလည်းလေ့လာနိုင်မှာဖြစ်ပါသည်။








Leave a Reply