Electronic Basic ( 1 – 8 ) Resistor Series and Parallel

Resistor များကိုအသုံးပြုလိုသည့်အခါ လိုအပ်သောခုခံမှု့
အုမ်းတန်ဖိုးသာမက ယင်း၏ ပါဝါခံနိုင်မှု့ သတ်မှတ်ချက် နှင့် လည်း ကိုက်ညီရန် လိုအပ်ပါသည်။
သို့မှသာ အပူရှိန် တိုးမလာပဲ ကြာရှည်ခံနိုင်မှာဖြစ်ပါသည်။ အကယ်၍ Resistor များသည် ခံနိုင်သော
ပါဝါထက်ပိုမိုလာက အပူ ထုတ်လွှတ်မှု့ များလာပြီး အဆုံးတွင် ပျက်စီးသွားနိုင်ပေသည်။ သာမန်အားဖြင့်
ကိုယ်ထည် ပိုကြီးသော ရီစစ္စတာများသည် ပါဝါကို ပိုခံနိုင်ကြသည်။ ဥပမာ 1 W ရီစစ္စတာတလုံးသည်
500 V ခံနိုင်ပြီး 1/4 W သည် 250 V ခန့် 1/8 W သည် 150 V အသီးသီးခံနိုင်ကြသည်။

Resistor ကို Serial ဆက်သည့်အခါ Ohm တန်ဖိုးသည်
ရီစစ္စတာများ၏ ပေါင်းခြင်းအတိုင်း တိုးတိုးလာလိမ့်မည် ဥပမာ 20k 1 W ရှိသော ရီစစ္စတာတလုံးကို
Serial ဆက်လိုက်လျှင် Ohm တန်ဖိုးသည်။ 40k 1W ဖြစ်လာပေလိမ့်မည်။ သို့သော် Watt တန်ဖိုးမှာမူ
မည်မျှဆက်ဆက် တိုးလာခြင်းမရှိပေ ။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးလမ်းကြောင်းမှာ တခုတည်းဖြစ်သောကြောင့်
ဖြစ်ပေသည် ။

Resistor များတန်းဆက်ခြင်း
နှင့် ပြိုင်ဆက်ခြင်း

Resistor များကို ခုခံမှု့တန်ဖိုးနှင့်
ပါဝါများကို အပြောင်းအလဲလိုသည့်အခါ Serial, Parallel နှစ်မျိုးဖြင့် တပ်ဆင်ခြင်းဖြင့်
မိမိအလိုရှိရာကိုတွက်ချက်ရယူနိုင်သည်။

Resistor Series ဆက်ခြင်း

Rt = R1 + R2 + R3 + etc …

Parallel ဆက်ခြင်း

1/Rt = 1/ R1+ 1/ R2+ 1/ R3 + etc …

Resistor များကို Parallel ဆက်သည့်အခါ
Ohm တန်ဖိုးသည် လျော့လျော့ လာပေသော်လည်း Watt မှာ မူပေါင်းခြင်း အတိုင်းတိုး လာပေသည်။
ဥပမာ 20k 1W ရီစစ္စတာကို Parallel ဆက်ခြင်းဖြင့် 10k 2W ကိုရရှိလာပေမည်။

Resistor Series and Parallel ပုံသေနည်း
နှင့် Schematic Diagram အားတွေ့ရစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *