အီလက်ထရွန်းနစ် ပါတ်လမ်းများတွင် Resistor
ကဲ့သို့ အများဆုံးအသုံးပြုသည်မှာ အခြေခံလျှပ်စစ်ပစ္စည်းတမျိုးဖြစ်သော Capacitor ပင်ဖြစ်ပေသည်။
Capacitor သည် Dielectric ဟုခေါ်သော လျှပ်ကာပစ္စည်း ဖြင့် ပိုင်းခြားထားသော လျှပ်စစ်ကူး
နိုင်သော သတ္တုပြား နှစ်ခုကြားတွင် လျှပ်စစ်အားကို စုဆောင်းခြင်းဖြင့် လျှပ်စစ် စွမ်းအင်ကို
သိုလှောင်သည်။ ကပယ်စီတာ၏ လျှပ်သို အရည်အချင်းကို Capacitance ဖြင့်တိုင်းတာပြီး သင်္ကေတမှာ
C ဖြစ်၍ ယူနစ်မှာ farad (F) ဖြစ်သည်။ Farad တန်ဖိုးများလေ လျှပ်သိုနိုင်စွမ်းများလေပင်ဖြစ်သည်။
ကပယ်စီတာကို လျှပ်စစ်ဗို့အား ဖြင့် ချိတ်ဆက်ပေးထားလိုက်လျှင် ယင်းကို Charging အားသွင်းချိန်ဟု
ခေါ်သည်။ အကယ်၍ ကပယ်စီတာ ခြေထောက်နှစ်ချောင်းအား မီးလုံးဖြင့်ဖြစ်စေ ရီစစ္စတာတလုံးဖြင့်ဖြစ်စေ
ပြန်၍ချိတ်ဆက်ပါက Discharging ဖြစ်ပြီး ဗို့အားကို ပြန်စွန့်ထုတ်သည်ဟုခေါ်ပေသည်။
![]() |
| DC Capacitor ပုံကိုတွေ့မြင်ရစဉ် |
အချို့ ကသံချောင်းငယ်ဖြင့် ခြေထောက်နှစ်ချောင်းကို
တိုက်ရိုတ် ထိခြင်းဖြင့် Discharging လုပ်တတ်ကြသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းကို
Short ချသည်ဟုခေါ်ဆိုကြပါသည်။ ကပယ်စီတာတွင် ဖြစ်ပေါ်နေသော Voltage သိုလှောင်ထားနိုင်သော
လျှပ်စစ်ပမာဏ Q နှင့် လျှပ်သိုသတ္တိ C တို့သည် အောက်ပါအတိုင်း ညီမျှခြင်းများ အတိုင်း
ဆက်စပ်နေကြပါသည်။
C =
ယင်းတွင် C ကို Farad (F), Q ကို
Coulomb (C), Voltage ကို (V) ဖြင့်တိုင်းတာကြပါသည်။ C ကိုတိုင်းတာရာတွင် 1 Farad သည်
အလွန်ကြီးမားသောတန်ဖိုးဖြစ်သောကြောင့် လက်တွေ့တွင်မူသေးငယ်သော
micro farad =
nano farad = nF = 10-9
= 0.000 000 001 F
pico farad = pF = 10-12
= 0.000 000 000 001 F
စသည့်ယူနစ်များဖြင့်သာတိုင်းတာကြပါသည်။
သို့သော် ဈေးကွက်ထဲ နှင့် Capacitor အတော်များများကို micro farad သို့မဟုတ် pico
farad ဟုသာ အတွေ့ရများပြီး၊ nano farad ကိုသုံးခြင်းသိပ်မတွေ့ရပါပေ။ ကပယ်စီတာများတွင်
အလွယ်အားဖြင့် AC Capacitor အဖိုအမသတ်မှတ်ချက်မရှိ နှင့် DC Capacitor အဖိုအမတိတိကျကျသတ်မှတ်ချက်ရှိ
ဟူ၍ နှစ်မျိုးသာရှိပြီး AC Capacitor ကို Non-Polarization ဟုခေါ်ဆိုကြပေသည်။ Polarization
ဆိုသည်မှာ အပေါင်းအနုတ်၊ အဖိုအမ ကိုဆိုလိုခြင်းဖြစ်ပြီး၊ Non-Polarization ဆိုသည်မှာ
အပေါင်းအနုတ်၊ အဖို အမ သတ်မှတ်ချက်မရှိဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
![]() |
| Diagram ရေးဆွဲရာတွင် အသုံးပြုသည့် Capacitor Symbol ပုံများ |
Capacitor များ၏ Schematic Diagram ရေးဆွဲရာတွင်
အသုံးပြုရမှာ ဖြစ်သော သင်္ကတများကို မြင်ရမှာဖြစ်ပါသည်။ လေ့လာခါစ ဝါသနာရှင် များ အနေဖြင့်
မျက်စေ့ ရှုပ်စေနိုင်သော်လည်း စာအုပ်ငယ် နောက်ပိုင်းတွင် တဖြည်းဖြည်း နားလည် သွားစေမှာ
ဖြစ်ပါသည်။
“ကျေးဇူးပြု၍စာအုပ်ကိုကျော်မဖတ်ပါနှင့်”
![]() |
| AC DC Capacitor နှစ်မျိုး၏ Schematic Diagram ပုံစံ |
အထက်တွင် ကပယ်စီတာ ရေးဆွဲပုံများအား များစွာ
ရေးဆွဲ ပြထားသော် လည်း ပုံမှန်အားဖြင့် AC Capacitor နှင့် DC Capacitor ဟူ၍သာ အခြေခံအား
ဖြင့် ၂ ပုံသိ နားလည်ထားလျှင် လုံလောက်ပါသည်။ AC Capacitor တွင် အပြား နှစ်ပြားသည် မျဉ်းဖြောင့်အဖြစ်
ရေးဆွဲထားပြီး၊ DC Capacitor တွင် အပေါင်းဗို့ ရှိမည့် အပြားသည် မျဉ်းဖြောင့် အဖြစ်ရေးဆွဲထားပြီး၊
အနုတ်ဗို့ ရှိမည့် အပြားသည် မျဉ်းကွေး အဖြစ်ရေးဆွဲ ထားပါသည်။ အခြေခံသင်ခန်းစာ လေ့ကျင့်ခန်းများတွင်
ဘေးမှာပြထားသည့် ပုံနှစ်မျိုးလောက်သာ သိထားသင့်ပြိး ကျန်ပုံများမှာ လေ့ကျင့်ရင်းဖြင့်
တဖြည်းဖြည်း နားလည်လာမှာဖြစ်ပါသည်။
![]() |
| မျိုးပုံစံမတူသော Capacitor မျိုးစုံကိုမြင်တွေ့ရမှာဖြစ်ပါသည်။ |
Capacitor များသည် လျှပ်စစ်ကို သိုလှောင်
ထား နိုင်သောကြောင့် ကိုင်တွယ် အလုပ်လုပ် မည် ဆိုလျှင် အထူး သတိထား ကိုင်တွယ်ရမှာ ဖြစ်ပါသည်။
အထူးသဖြင့် High Voltage Capacitor များသည် ဗို့အား အလွန် ပြင်းထန် ကြပါသည်။ ဉပမာအားဖြင့်
Micro Wave မီးဖိုတွင်ပါဝင်သော Capacitor များသည် ဗို့အား ထောင်ချီရှိ နေတတ်ပါသည်။
Capacitor တည်ဆောက်ထားပုံ





Leave a Reply