အပူစွမ်းအင်
အပူစွမ်းအင် ရရှိလာစေရန်အတွက် လျှပ်စစ်လမ်းကြောင်း အတွင်းတွင် Resistance တမျိုးဖြစ်သည့် နီခရုန်းသတ္တုဖြင့် ပြုလုပ်ထားသော အပူကွိုင်ဟု အရပ်အတွင်း အလွယ်ခေါ်သည့် ပစ္စည်းဖြင့် လျှပ်စစ်ခုခံမှု့ ပြုလုပ်ပေးလိုက် ခြင်းဖြင့် လျှပ်စစ်စွမ်းအင်ကို အပူစွမ်းအင် အဖြစ်ကူးပြောင်း ပေးလိုက်ခြင်းဖြင့် ထမင်းအိုး ရေနွေးအိုး တို့ကဲ့သို့ လူ့အသုံးအဆောင် လျှပ်စစ်ပစ္စည်းများကို ဖြစ်ပေါ်လာစေပါသည် ။
ထမင်းပေါင်းအိုး အပူကွိုင်အား အထက်ပါ ပုံတွင် မြင်တွေ့ရမှာဖြစ်ပါသည်။ Resistor နှင့်ပါတ်သက်သည့် အကြောင်းအရာများကို လေ့လာရာတွင် Resistance ဖြစ်သည့် လျှပ်စစ် ခုခံမှု့ တန်ဖိုး အကြောင်းအရာများ ကိုလည်း သိစေလိုသောကြောင့် ထမင်းအိုးကွိုင်များ အကြောင်း ထည့်သွင်းရေးသား ခြင်းအား မလိုအပ်ဟု လျှပ်စစ် မိတ်ဆွေများ မယူဆစေလိုပါ။ ထမင်းပေါင်းအိုးကွိုင်သည် အမှန်တော့ Electronic ပညာရပ် တွင်မပါဝင်သော်လည်း အမှန်တော့ နည်းပညာအရ Resistor အကြီးစား တမျိုးသာလျှင်ဖြစ်ပါသည်။
အပူစွမ်းအင်ကို နီးခရုန်းဝါယာကို အသုံးပြုပြီး
စွမ်းအင် ကူးပြောင်းခြင်းနည်းဖြင့် အသုံးချသော်လည်း အပူချည်းသက်သက် ပြောင်းလဲခြင်း
မဟုတ်ပဲ အပူအပြင် အလင်း အနည်းငယ် ပါဝင်လာသောကြောင့် လျှပ်စစ်စွမ်းအင် ဆုံးရှုံးမှု့
အနည်းငယ်ဖြစ်ပေါ်လာစေပါသည် ။ သို့သော် ယနေ့ခေတ် အပူကွိုင်များမှာမူ အသေပိတ်အပူကွိုင်များ
ဖြစ်သောကြောင့် အလင်းစွမ်းအင် မပါသလောက် ဖြစ်သောကြောင့် ရာနှုန်းပြည့် မရသော်လည်း ယခင်ထက်
လျှပ်စစ်စွမ်းအင် ဆုံးရှုံးမှု့ကို အထိုက်လျောက် ကာကွယ်ပေးနိုင်သွားပါသည်။
အလင်းစွမ်းအင်
အလင်းစွမ်းအင်ရရှိလာစေရန် နီခရုန်းဝါယာကို
ရှေးယခင်က အသုံးပြုခဲ့ကြသော်လည်း ယခုအခါ LED နည်းပညာကို အသုံးပြု၍ အလင်းစွမ်းအင်ကို
ထုတ်ယူသုံးစွဲနေကြပြီဖြစ်ပါသည်။ နီခရုန်းဝါယာသည် အလင်းကိုထုတ်လွှတ်ပေးနိုင်သော်လည်း
အားနည်းချက်မှာ အပူစွမ်းအင်အဖြစ်ပါ ထုတ်လွှတ်ပေးခြင်းကြောင့် လျှပ်စစ်ဆုံးရှုံးမှု့ရှိနေဆဲဖြစ်ပါသည်။
ယခုခေတ် LED မီးသီးများမှာတော့ နီခရုန်းဝါယာထက် အပူထုတ်လွှတ်မှု့ များစွာ နည်းသွားခြင်းကြောင့်
လျှပ်စစ်ဆုံးရှုံးမှု့များစွာ သက်သာသွားစေပါသည်။
တန်စတင်သတ္တုဝါယာကို
အသုံးပြုထားသော ယခင်ခေတ် မီးလုံးတလုံး
စက်မှု့စွမ်းအင်
စက်မှု့စွမ်းအင်ဆိုသည်မှာ
မော်တာများကဲ့သို့ ဝါယာနန်းကြိုးမျှင်တို့ဖြင့် ကွိုင်ရစ်ပါတ်ခွေထားပြီး သံလိုက်စက်ကွင်းအားဖြင့်
အလုပ်လုပ်လည်ပါတ်စေသော စွမ်းအင်ကို စက်မှု့စွမ်းအင်ဟုခေါ်ဆိုပါသည်။ ကွိုင်များအတွင်းသို့
လျှပ်စစ်ဓါတ်စီးဝင်လာသောအခါ ကွိုင်များ၏ ခုခံမှု့တန်ဖိုးကြောင့် သံလိုက်စက်ကွင်းများထွက်ပေါ်လာပြီး
မော်တာများကို လည်စေပါသည်။
မလိုလားအပ်သည့် အပူထွက် ပေါ်လာပြန်သဖြင့် လျှပ်စစ်စွမ်းအင် ဆုံးရှုံးမှု့ အနည်း နှင့်
အများတော့ ရှိနေပါသေးသည်။ စွမ်းအင်တခုမှ တခုသို့ကူးပြောင်းရာတွင် မည်သည့်အခါတွင်မှ
စွမ်းအင်အပြည့်အဝ ရနိုင်မှာမဟုတ်ပဲ Electrical Loss ဟုခေါ်သည့် လျှပ်စစ်ဆုံးရှုံးမှု့
အနည်းအများရှိနေကြဆဲပင်ဖြစ်ပါသည်။



Leave a Reply