10 Ω အောက်ငယ်သော Resistor များကို တန်ဖိုးဖတ်ယူသည့်အခါတွင်
တတိယအရစ်မြှောက်ဖော်ကိန်းနေရာသည် ရွှေရောင် နှင့် ငွေရောင် ဖြစ်နေတတ်ပေသည်။ ရွှေရောင်မြင်လျှင်
ရှေ့မှ ရထားသော အုမ်းတန်ဖိုး ကို ၁၀ နှင့်စားပါ ငွေရောင် မြင်လျှင် ရှေ့မှ တန်ဖိုးကို
၁၀၀ နှင့်စားပါ ။
နမူနာဖတ်ကြည့်ကြပါ
ညို နက် ရွှေ ရွှေ
1 0 ÷ 10 = 1.0 Ω (1 0 x 10-1 = 1 Ω ± 5%)
ညို ပြာ ရွှေ ရွှေ
1 6 ÷ 10 = 1.6 Ω (1 6 x 10-1 = 1.6 Ω ± 5%)
ဖြူ ညို ရွှေ ရွှေ
9 1 ÷ 10 = 9.1 Ω (9 1 x 10-1 = 9.1 Ω ± 5%)
ပြာ နက် ငွေ ရွှေ
6 0 ÷ 100 = 0.6 Ω (6 0 x 10-2 = 0.6 Ω ± 5%) ဖြစ်ကြမှာပါ။
ဝါ ရမ်း ရွှေ ရွှေ
4 7 ÷ 10 = 4.7 Ω ± 5%
မြှောက်ဖော်ကိန်း သည် ရွှေရောင် ဖြစ်သောကြောင့် ရှေ့ တန်ဖိုး
နှစ်ခုကို ၁၀ နှင့်စားပါ။
4 7 x
10-1 = 4.7 Ω
± 5%
စိမ်း နက် ငွေ ရွှေ
5 0 ÷ 100 = 0.5 Ω ± 5%
မြှောက်ဖော်ကိန်း သည် ငွေရောင် ဖြစ်သောကြောင့် ရှေ့ တန်ဖိုး
နှစ်ခုကို ၁၀၀ နှင့်စားပါ။
5 0 x 10-2 = 0.5 Ω ± 5%


Leave a Reply