Unit ( 1 – 1 ) Resistor များပြုလုပ်ထားပုံ
Resistor သည် အီလက်ထရွန်းနစ်ပါတ်လမ်းများတွင် အသုံးအများဆုံးသော အခြေခံအီလက်ထရွန်းနစ်အစိတ်အပိုင်းတခုဖြစ်သည်။ ယင်း၏အဓိလုပ်ငန်းစဉ်မှာ Ampere ကိုအလိုရှိသလိုလျော့ချရန် မိမိအလိုရှိရာဗို့အားကို ရရှိလာစေရန်ဖြစ်သည်။ ယင်းကိုထုတ်လုပ်သည့်အခါ Resistance ( R ) ကိုရရှိအောင်ထုတ်လုပ်ထားပါတယ်။ Resistor များ၏မျက်မြင်အရွယ်အစားသည် ပါဝါခံနိုင်မူပေါ်မူတည်နေသည်။ ဆိုလိုသည်မှာ ပိုကြီးလျှင် Watt များများခံနိုသည် သို့သော် အရွယ်အစားနှင့် Resistance မှာဆက်စပ်မှု့မရှိချေ။
Resistor ၏ Schematic Diagram ပုံစံ
Resistor ကိုပြုလုပ်ရာတွင်အသုံးပြုသောပစ္စည်းအမျိုးမျိုးရှိပါတယ်။ ဥပမာအားဖြင့် (ကာဗွန် ၊ နီခရုန်းဝါယာ ၊ မယ်တယ်အောက်ဆိုဒ်) စသည်တို့အပြင်အခြားသောဒြဒ် ပေါင်းပစ္စည်းအမျိုးမျိုးကိုအသုံးပြုပြီး Resistor ကိုပြုလုပ်ထားပါတယ်။ အရွယ်အစားအမျိုးမျိုးနှင့်နှင့်ပုံစံအမျိုးမျိုးတို့ဖြင့်တွေ့ရှိနိူင်ပါမယ် Resistor ကိုထုတ် လုပ်သော အရင်းခံပစ္စည်းအမျိုးမျိုးပုံစံအမျိုးမျိုးဖြင့်တွေ့ရှိနိူင်သော်လည်းအဓိကအားဖြင့်အသုံးပြုသော Resistor (၂)မျိုးသာရှိပါသည်။
![]() |
| Resistor မျိုးစုံအားမြင်တွေ့ရစဉ် |
ယင်းတို့မှာ –
(၁) အုမ်း တန်ဖိုးသတ်မှတ်ချက်ပုံသေအမျိုးအစား Resistor
(၂) အုမ်းတန်ဖိုးသတ်မှတ်ချက်လိုသလိုပြောင်းလဲ အသုံးပြုနိူင်သော Fix Resistor ဟူ၍ဖြစ်ပါတယ်။
(၁) ပုံသေရီစစ္စတာ (Fixed Resistor)
ပုံသေရီစစ္စတာများကိုမည်သည်ပုံစံမည်သည့်ပစ္စည်းများနဲ့တည်ဆောက်ထားသည်ဖြစ်စေ၎င်းရီစစ္စတာ၏ တန်ဘိုးသတ်မှတ်ချက်ကိုအရောင်သတ်ချက်( Color Code) ဖြင့်ဖေါ်ပြခြင်း နှင့် စာလုံးကိန်းဂဏန်းတို့ဖြင့် ဖေါ်ပြခြင်းဟူ၍ ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။
(၂)တန်ဖိုးပြောင်း (Variable Resistor)
တန်ဖိုးပြောင်း Resistor မှာ (Volume Control ) ကဲ့သို့သော အသံတိုးချဲ့ လုပ်သော ကရိယာ အုမ်းတန်ဖိုးပြောင်းနိုင်သော အရာများဖြစ်သည်။
![]() |
| တန်ဖိုးမတူသော Resistor မျိုးစုံအားတွေ့မြင်ရစဉ် |
မှတ်ချက် ကျတော်ငယ်ငယ်စဉ်မသိခင်တုန်းက Resistor တွေအဖိုအမရှိတယ်ထင်ခဲ့ဘူးတယ် ၎င်းတို့သည် + or – သတ်မှတ်ချက်မရှိချေ။
![]() |
|
ပုံပါအတိုင်း Resistance (အုန်းတန်ဖိုး) |
![]() |
| မျိုးပုံစံမတူသော Resistor များကိုမြင်တွေ့ရစဉ် |
“— English Version —“





Leave a Reply