Tag: Home Appliances
-
Home Appliances ( 1 – 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း
မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အသုံးပြုသူများစွာ ထိုကဲ့သို့ဓါတ်လိုက်ခြင်းမျိုးကို အကြိမ်ကြိမ်ကြားနေရမိပါတယ် ။ မှန်မှန်ကန်ကန်ကာကွယ်နည်းကတော့ Earth စနစ်တပ်ဆင်ထားခြင်းဖြစ်သော်လည်း သာမာန်အရေးပေါ်ဖြေရှင်းနည်းလည်း ရှိပါသေးတယ် ယင်းမှာ ပလပ်ကြိုးကိုပြောင်းပြန်လှန်တပ်ပေးလိုက်ခြင်းဖြင့် Phase နှင့် Neutral ၂ ကြိုးပြောင်းပြန်ဖြစ်ပြီး ယာယိ ဓါတ်လိုက်ခြင်းမှ ကာကွယ်နိုင်မှာပါ။ ပြင်ဆင်ရမှာပါ ဘာလို့ ဓါတ်လိုက်လည်း ကြိုးတခုခုပေါက်ပြဲပြီး ကိုယ်ထည်နှင့်ထိနေ၍ ဓါတ်လိုက်ခြင်းဖြစ်ပါတယ် အတွင်းထဲကိုဖွင့်၍ မည်သည့်နေရာတွင်ပေါက်ပြီးထိနေသည်လည်း ရှာဖွေ၍ မထိအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ် အလုံပိတ်ကွိုင်များ ပေါက်ပြီး ထိနေပါက မည်သို့မျှမတတ်နိုင်ပေ။ ယင်းကဲ့သို့ မီးဖိုသံကိုယ်ထည် ဓါတ်လိုက်နေခြင်းရှိမရှိကို Tester ဖြင့်ထောက်၍ လည်းစမ်းသပ်နိုင်သလို ပါဝါမသွင်းထားချိန် တွင် Ohm မီတာကို အသုံးပြုခြင်းဖြင့်လည်း စစ်ဆေးနိုင်ပါတယ်…
-
Home Appliances ( 1 – 2 ) လျှပ်စစ်မီးဖို၏ Power
မီးဖိုများကို watt ၃၀၀ မှစပြီး watt 3000 ခန့်အင်အား အထိ ပုံစံပြုလုပ်ရောင်းချလျက်ရှိပါတယ် အချို့မီးဖိုတို့မှာ လျှပ်စစ်စွမ်းအား ပုံသေ ၆၀၀ ဝပ်ဖြစ်စေ ၊ ၈၀၀ ဝပ်ဖြစ်စေ ၊ ၁၀၀၀ ဝပ် ဖြစ်စေ ၊ ဝပ်အား တမျိုးတည်းသာ ထုတ်လုပ်ပေးနိုင်သော်လည်း အချို့မီးဖိုများမှာ မီးဖို တခုတည်းမှ နေ၍ ၃၀၀ ဝပ် . ၆၀၀ ဝပ် . ၁၂၀၀ ဝပ် ဟူ၍ အဆင့်ဆင့် စိတ်ကြိုတ် လွဲပြောင်းအသုံးပြုနိုင်ရန် စီမံထားရှိပါတယ် ။ ယင်းကဲ့သို့ ဝပ်အား ( ၃ ) မျိုးကို လွဲပြောင်းနိုင်သော မီးဖိုတို့တွင် မီးကွိုင် ၂ ခု ပါဝင်ပါတယ်…
-

Home Appliances ( 1 – 1 ) မီးဖိုကွိုင်ကိုလေ့လာခြင်း
လျှပ်စစ်မီးဖို လျှပ်စစ်မီးဖို တခုတွင် အောက်ပါပစ္စည်းတို့ပါဝင်ကြပါတယ်။ ၁ . မီးဇာနန်းခွေ ၂ . မီးခလုပ် ၃ . မီးဇာကြွေခွက် ၄ . မီးဖိုကိုယ်ထည် ၅ . ဝါယာကြိုး လျှပ်စစ်မီးဖိုတခုတွင် ( Electric Stove = အီလက်ထရစ် စတို့ဖ် ) တခုတွင် မီးကွိုင်မှာ အရေးကြီးဆုံး ဖြစ်ပြီး လျှပ်စစ်ကို မီးကွိုင်အတွင်းမှ ဖြတ်သန်းစီးဆင်းစေသောအခါ အင်အားကောင်းသော ခုခံမှု့ Ohm တန်ဖိုးနှင့်တွေ့သောအခါ လျှပ်စစ်သည် အပူစွမ်းအား အဖြင်ပြောင်းလဲသွားပြီး အပူချိန်တက်လာမှာဖြစ်ပါတယ် . မီးဖိုတခုမှာ ထုတ်လွှတ်သော အပူချိန်မှာ မီးအားအပြည့်ဖြင့်ဆိုပါက 990 Degree C ခန့်ရှိတတ်ပါတယ်။…