Power ( 1 ) Voltage, Current and Power

Introduction
စတင်မိတ်ဆက်ခြင်း

အောက်ပါပုံထဲက
Gentlemen သုံးယောက်ကတော့ ကျတော်တို့ရဲ့ Physics ဖခင်ကြီး ၃ ယောက်ဖြစ်ပါတယ် ။

            Gallilo
1564-1642

Isaac Newton 1643-1727

Destarces 1596-1650

အခြေခံအကျဆုံး
လျှပ်စီးကြောင်းသဘာဝ

လူတော်တော်များများသိထားကြတာက
လျှပ်စီးဆိုတာ အဖိုဘက်နေစတင်စီးထွတ်လာပြီး အမဘက် ကိုစီးဝင်သွားကြခြင်းပါ အမှန်တော့
ဒါဟာမှားပါတယ် ဘာကြောင့်မှားတာလည်းဆိုတော့ နည်းပညာမမြင့်မားခင်ကာလတုန်းက လူတွေဟာ လျှပ်စီးဆိုတာ
အဖို + ဘက်နေစီးထွတ်လာပြီး အမ – ဘက်သို့စီးဝင်သွားခြင်းဟု သတ်မှတ်ခဲ့ကြပါတယ် သို့သော်
နောက်ပိုင်းတွင် နည်းပညာမြင့်မားလာသောအခါ ယင်းအယူအဆမှာ မှားယွင်းကြောင်းသိလာခဲ့ကြပါတယ်
အမှန်မှာ လျှပ်စစ်သည် အမ (-) ဘက်မှစီးထွတ်လာပြီး အဖို (+) ဘက်ဆို ပြောင်းပြန်စီးထွတ်လာခြင်း
ကသာအမှန်ဖြစ်ပါတယ် ။

ယင်းကဲ့သို့
အပေါင်းမှ လျှပ်စီးထွတ်လာပြီး အနုတ်သို့ စီးဝင်ခြင်းကို Conventional Current ဟုခေါ်ဆိုပြီး
အနုတ်မှ လျှပ်စီးထွတ်လာပြီး အပေါင်းဘက်သို့စီးဝင်ခြင်းကို Electron Flow ဟုခေါ်ဆိုကြပါသည်
ပုံတွင်လေ့လာကြည့်ပါ တကယ့်ပြင်ပလက်တွေ့မှာ လျှပ်စစ်သည် အမဘက်မှ ထွတ်လာပြီး အဖိုဘက်
သို့စီးဝင်သော Electron Flow သာလျှင်ဖြစ်ပေတော့သည် ထို့ကြောင့် Battery တွေကိုကြိုးဖြုတ်လျှင်
အမကြိုးကိုဦးစွာဖြုတ်ပေးရမှာဖြစ်ပါသည် ။

ဒါမှသာ
Electron တွေသည် အဖိုကြိုးမှတဆင့် Battery ထဲပြန်ဝင်သွားမှာဖြစ်ပါတယ် သို့မဟုတ်ပဲ အဖိုကြိုး
ကိုအရင်ဖြုတ်ပါမူ Electron တွေသည် သွားစရာမရှိသဖြင့် အောင်းနေပြီ အခန့်မသင့်လျှင် လူကို
အန္တရယ် ဖြစ်လာစေနိုင်ပါတယ် ။

Electron အနုတ်ဘက်မှ
အပေါင်းဘက်သို့စီးဆင်းသည်ဆိုခြင်းမှာ DC လျှပ်စစ် အတွတ်သာဖြစ်ပါသည် ။ Ampere ဆိုတာ
တစက္ကန့်အတွင်း အမှတ်တခုမှ ဖြတ်စီးသွားသော Electron အလုံးရေကိုခေါ်ဆိုခြင်းဖြစ်ပြီး
1 Ampere တွင် 6.24 x 1018 သုည အလုံးပေါင်း ၁၈ လုံးပါဝင်ပါတယ် ။

1 Ampere = တွင် 6.24 x 1018

Electro Flow နှင့် Conventional
Current ကွာခြားခြင်းကို အောက်ပါပုံတွင် လေ့လာနိုင်ပါသည် ။

Ampere ဆိုသည်မှာ
တစက္ကန့် အတွင်း အမှတ်တခုမှ ဖြတ်စီးသွားသော အီလက်ထရွန် အလုံးရည်ကို ခေါ် ဆိုထားခြင်း
ဖြစ်ပြီး ၊ 1 Ampere တွင် Electron အလုံးရည်ပေါင်း 6.24 x 1018 ပါဝင်ပါသည်

            Ampere နှင့် အပြိုင် တွဲဖတ်အလုပ်လုပ်သူကတော့
Voltage ဖြစ်ပါသည် ။ Voltage သည် Ampere or Current or Electro အလုံးများ ရွေ့လျားသွားနိုင်အောင်
တွန်းအားပေးသည့် စွမ်းအင်တမျိုးဖြစ်ပါသည် ။ အခြားနည်းဖြင့် ( Electro Motive Force
= EMF ) ဟုလည်းခေါ်ဆိုနိုင်ပါသေးသည် ။ နမူနာအားဖြင့် Voltage က Electron များကို တွန်းပေးလိုက်ခြင်းကြောင့်
မီးကိုလင်းလာစေပါသည် ။ မီးလင်းလာစေခြင်းမှာ အမှန်တော့ Ampere ( Electron ) များရဲ့
စွမ်းအင်ကြောင့်ဖြစ်ပါသည် ။ Ampere or Current ကို Energy ဟုလည်း ခေါ်ဆိုနိုင် ပါသေးသည်
။ လူသားတို့အား ဓါတ်လိုက်စေသည်မှာ ယင်း Ampere ကြောင့်ပင်ဖြစ်ပါသည် ။ 






















ကားဘက်ထရီတလုံးအား ဖြုတ်ရန်အတွက်
အနုတ်ကြိုးမှစတင်၍ ဖြုတ်ရမှာဖြစ်ပါသည် ။ မှတ်ထားပေးစေလိုပါသည် ။ သို့သော်ယနေ့ခေတ်
EFI ပါဝင်သောကားများတွင် ဘက်ထရီဖြုတ်လိုက်ပါက ECU အတွက် ပါဝါပျောက်ပြီး ပြဿနာ ဖြစ်နိုင်သောကြောင့်
အခြားပါဝါ သီးခြား ပေးထားပြီးမှ ဘက်ထရီဖြုတ်ရမှာဖြစ်ပါသည် ။

ကနေ့ခေတ်မှာတော့
အိမ်သုံးတွင် ကားအက်စစ်ဘက်ထရီများအစား LifePo4 Battery များကိုအစားထိုးအသုံးပြုလာကြပြီဖြစ်ပါသည်
။ LifePo4 Battery များသည် ဈေးနှုန်းကြီးမြင့် သော်လည်း နှစ်ကာလအချိန် ကြာမြင့်စွာ
အသုံးပြုနိုင်ခြင်း ၊ ကားဘက်ထရီများကဲ့သို့ ထိန်းသိမ်းရန်မလိုခြင်း BMS ကဒ်များ ဖြင့်
အားပြည့် အားနည်းကို ထိန်းချုပ်နိုင်ခြင်း ကြောင့် နောင်နှစ်များစွာတွင် ယင်း ဘက်ထရီများကိုသာ
အများအပြားအသုံးပြုကြတော့မှာ ဖြစ်ပါသည် ။ သို့သော် ကား ဘက်ထရီများနေရာတွင်တော့
LifePo4 တပ်ဆင်အသုံးပြုနိုင်မှာမဟုတ်ပါ။

ပုံထဲတွင်တော့
မိမိတို့ ES Institute Production မှာ တာဝန် ယူတပ်ဆင် ရောင်းချပေးထားခဲ့သည့် နာမည်ကြီး
Growatt 6kW Inverter နှင့် နာမည်ကျော် LVTOPSUN 51.2V 300Ah Battery အတွဲအား မြင်တွေ့ရစဉ်
။ 

Voltage, Current and Power


Comments

Leave a Reply

Your email address will not be published. Required fields are marked *