Home Appliances ( 1 – 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း

မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အသုံးပြုသူများစွာ ထိုကဲ့သို့ဓါတ်လိုက်ခြင်းမျိုးကို အကြိမ်ကြိမ်ကြားနေရမိပါတယ် ။

မှန်မှန်ကန်ကန်ကာကွယ်နည်းကတော့ Earth စနစ်တပ်ဆင်ထားခြင်းဖြစ်သော်လည်း သာမာန်အရေးပေါ်ဖြေရှင်းနည်းလည်း ရှိပါသေးတယ် ယင်းမှာ ပလပ်ကြိုးကိုပြောင်းပြန်လှန်တပ်ပေးလိုက်ခြင်းဖြင့် Phase နှင့် Neutral ၂ ကြိုးပြောင်းပြန်ဖြစ်ပြီး ယာယိ ဓါတ်လိုက်ခြင်းမှ ကာကွယ်နိုင်မှာပါ။

ပြင်ဆင်ရမှာပါ ဘာလို့ ဓါတ်လိုက်လည်း ကြိုးတခုခုပေါက်ပြဲပြီး ကိုယ်ထည်နှင့်ထိနေ၍ ဓါတ်လိုက်ခြင်းဖြစ်ပါတယ် အတွင်းထဲကိုဖွင့်၍ မည်သည့်နေရာတွင်ပေါက်ပြီးထိနေသည်လည်း ရှာဖွေ၍ မထိအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ် အလုံပိတ်ကွိုင်များ ပေါက်ပြီး ထိနေပါက မည်သို့မျှမတတ်နိုင်ပေ။

ယင်းကဲ့သို့ မီးဖိုသံကိုယ်ထည် ဓါတ်လိုက်နေခြင်းရှိမရှိကို Tester ဖြင့်ထောက်၍ လည်းစမ်းသပ်နိုင်သလို ပါဝါမသွင်းထားချိန် တွင် Ohm မီတာကို အသုံးပြုခြင်းဖြင့်လည်း စစ်ဆေးနိုင်ပါတယ် မှတ်ရန်မှာ မီတာကို x 10 တွင်ထားပေးရမှာလည်း ဖြစ်ပါတယ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *